ကျောက်ကြီး သြဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းက အဝေးရောက် ကျောက်ကြီးမြို့သူ/မြို့သားများ၏ ပေးပို့ကူညီသည့် အလှူငွေများအား မြို့နယ်ကြက်ခြေနီအသင်းခွဲ၏စီမံမှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပဲခူးရပ်ကွက်ချောင်းကမ်းဘေး အနိမ့်ပိုင်းနေထိုင်သူအိမ်ထောင်စုများအား အခြေခံစားသောက်ကုန် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့မှုအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆောင်မှုဖြင့် တစ်အိမ်ထောင်လျှင် ကာလတန်ဘိုး (၁၂၀၀၀) ကျပ် တန်ဘိုးရှိ မာမားခေါက်ဆွဲခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် အသင့်စားငါးပိတွဲ အစရှိပစ္စည်းများအား ချောင်းရေဝင်ရောက်သည့် အိမ်ထောင်စု (၁၂၀) စုအား လူသားချင်းစာနာထောက်ထားမှုအရ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)