ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေးဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် အသိပေးနှိုးဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်များ၊ အခြေခံပညာကျောင်းများစသည့် လူစည်ကားသည့်နေရာများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက (၃၇) ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။