ကျောက်တန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

ကျောက်တန်း သြဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းမှ တောင်သူများအတွက် ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ဆက်လက်ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက်တွင် ကျောက်တန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ မိုးစပါးစိုက်ပျိုးရန် စီမံကိန်းဧက ၁၅၈၇၀၁ ဧကရှိရာ ကျောက်တန်းမြို့နယ်ဘဏ်ခွဲအနေဖြင့် ကျေးရွာ ၅၁အုပ်စုအတွက် မိုးစပါး စိုက်ပျိုးဧက ၃၉၄၀၀ ဧကအားတစ်ဧကလျှင် မိုးစပါးချေးငွေ ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ကျပ်သန်း (၅၉၁၀.၀၀)  ထုတ်ချေးပေးရန် လျာထားကြောင်း၊ ယခင်နှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေ အကျေ ပေးဆပ်ပြီးသည့် တောင်သူများနှင့် အချိန်စေ့လွန်နှစ်ဟောင်းကြွေးကျန်များအ​ကျေပေးဆပ်ပြီးသည့် တောင်သူများကိုလည်း ချေးငွေသစ်ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ရာ ကျောက်တန်းမြို့နယ် အတွင်း ကျေးရွာ ၃၈ ရွာမှ တောင်သူ များကို ဧက ၁၉၆၇၄ အတွက် ငွေပေါင်း ကျပ်သန်း  ၂၉၅၁.၁၀ အား ထုတ်ချေးပေးခဲ့ကြောင်း ကျောက်တန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ဒေါ်သိန်းသိန်းဦးထံမှ သိရသည်။

ကျောက်တန်းမြို့နယ်တွင် ကျေးရွာအုပ်စု (၅၁) အုပ်စုမှ မိုးစပါး စီမံကိန်း စိုက်ဧက ၁၅၈၇၀၁ ဧကမှ တောင်သူလယ်သမားများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် ယမန်နှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ အကျေဆပ်ပြီးသည့် တောင်သူလယ်သမားများနှင့် အချိန်စေ့လွန် နှစ်ဟောင်းကြွေးကျန်များ အ​ကျေပေးဆပ်ပြီးသည့် တောင်သူများကိုလည်း ချေးငွေသစ်ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ချေးငွေများကို  နေ့စဉ် ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်းကျော်(ပြန်ဆက်)