စလင်း သြဂုတ် ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ပတ္တမြားအစည်းအဝေး ခန်းမဆောင်တွင် ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုးရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာသုခိတာရာမ စိန်ပန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုမာရမထေရ်မြတ် အဂ္ဂမဟာဂန္တဝါစကထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များ နာယူတည်ဆောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနာဆိုင်ရာအကြီးအကဲများ ရပ်ကွက်အုပ်အုပ်ချုပ်ရေးမှူးများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုငွေများကို ဆရာတော် သံဃာတော် (၅) ပါးအား ဆက်ကပ်လှူဒါန်းကြပြီး ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အနုမောဓနာတရား နာယူ၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
(မောင်လွင်)စလင်း