ပုသိမ်မြို့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ်အသက် (၁၈) နှစ်အောက်နှင့် အသက် (၂၀) နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပ

ပုသိမ် ဩဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ် အသက် (၁၈) နှစ် အောက်နှင့် အသက် (၂၀) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များနှင့် အားကစားသမား တက်ရောက်ခဲ့ကြသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ (၂၆) မြို့နယ်၊ ပြေးခုန်ပစ်ပြိုင်ပွဲကို ကျင်းပပေးရသည့် ရည်ရွယ်ချက်များမှာ လူငယ်များကျန်းမာကြံ့ခိုင်စေရေး၊ မျိုးဆက်သစ် ပြေးခုန်ပစ်လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲနှင့် အမျိုးသားအားကစားပွဲတော်တို့တွင် အောင်မြင်မှုများ ရရှိစေရေးတို့အတွက်ဖြစ်ပါကြောင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ဆုတံဆိပ်များ များစွာဆွပ်ခူးနိုင်ရေးအတွက် ခွန်အား၊ ဉာဏ်ရည်နှင့် ဇွဲစိတ်ဓာတ်တို့ကို အရင်းခံပြီး ယှဉ်ပြိုင်သွားကြရန်၊ ယခုကျင်းပသည့် ပြိုင်ပွဲမှတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ် အားကစားပြိုင်ပွဲများ၊ အမျိုးသားအားကစားပွဲတော်များတွင်  ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် အဆင့်တိုးတက်မြင့်မားစွာ ရရှိနိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင် ကစားကြရန်လိုပါ‌ကြောင်း”  တိုက်တွန်းအမှာစကားများပြောကြားပြီး ၂ဝ၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ် အသက် (၁၈) နှစ်အောက်နှင့် အသက် (၂ဝ) နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄) ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက်  ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ အသက် (၁၈) နှစ်အောက် အမျိုးသမီး မီတာ (၁၅၀၀) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ဇနီးကလည်းကောင်း၊ အသက် (၁၈) နှစ်အောက် အမျိုးသမီး မီတာ (၁၀၀) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဇနီးကလည်းကောင်း၊ အသက် (၂၀) နှစ်အောက် အမျိုးသမီး မီတာ (၁၀၀) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီး ဥပဒေချုပ်ကလည်းကောင်း၊ အသက် (၁၈) နှစ်အောက် အမျိုးသား မီတာ (၁၅၀၀) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဘော်လီဘောပြိုင်ပွဲ) တွင် ရွှေတံဆိပ်သုံးဆုရှင် မြန်မာ့လက်ရွေးစင်ဟောင်း ဦးတင်ဦးကလည်းကောင်း၊ အသက် (၁၈) နှစ်အောက် အမျိုးသား မီတာ (၁၀၀) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ အသက် (၂၀) နှစ်အောက် အမျိုးသား မီတာ (၁၀၀) ပြိုင်ပွဲတွင်  ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးကလည်းကောင်း၊ အသက် (၁၈) နှစ်အောက် အမျိုးသမီး မီတာ (၄၀၀) ပြိုင်ပွဲနှင့် အသက် (၂၀) နှစ်အောက် အမျိုးသမီး မီတာ (၄၀၀) ပြိုင်ပွဲတွင်  ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အသက် (၁၈) နှစ်အောက် အမျိုးသား မီတာ (၄၀၀) ပြိုင်ပွဲနှင့် အသက် (၂၀) နှစ်အောက် အမျိုးသားမီတာ (၄၀၀) ပြိုင်ပွဲတွင်  ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပုသိမ်မြို့၊ ရှေးဟောင်းသမိုင်းဝင် လေးကျွန်းရန်အောင် ဖောင်တော်ဦးစေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်းရှိ ရေကြည်ဦးဓမ္မာရုံတွင် ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ယာယီရေဘေးရှောင် အိမ်ထောင်စု (၄၅) စု၊ လူဦးရေ (၁၇၁) ဦးတို့အားတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး နံနက်စာအာဟာရ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)