ပေါက်ခေါင်း ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေသင်ကြားရေး အထောက်အကူပြု Teaching Assistance (TA)နှင့် တိုင်းရင်းသားစာပေသင် Language Teacher(LT) ဆရာ၊ဆရာမများ သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့်ဆီများကို ယမန်နေ့ နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနရုံး၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးလျက်ရှိရာတွင် သင်ကြားရေး အထောက်အကူပြုနှင့် သင်ကြားရေး ဆရာ၊ဆရာမတစ်ဦးလျှင် ဆန်(၆) ပြည်နှင့် ဆီ(၁) ပိသာ ရောင်းချပေးပြီး၊ ဆန်တစ်ပြည် ၃၀၀၀ ကျပ်၊ ဆီတစ်ပိသာ ၆၀၀၀ ကျပ်နှုန်းဖြင့် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ သင်ကြားရေး အထောက်အကူပြုနှင့် ဆရာ၊ဆရာမ (၆၀)ဦးတို့အတွက် ဆန် ၃၆၀ ပြည်နှင့် ဆီပိသာ ၆၀ တို့ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)