လှိုင်းဘွဲမြို့နယ်၌ မိုးစပါး ၁၂၀၈၈၉ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်
Jul 10,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် အတွက် မိုးစပါးစိုက်ဧက (၁၂၀၈၈၉) ဧကကို စိုက်ပျိုးသွားနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားချက်ထားရှိပြီး လျာထားချက်ပြည့်မီစွာ စိုက်ပျိုးသွားနိုင်စေရေးအတွက် တောင်သူများအား ပညာပေးစည်းရုံးခြင်း၊ မိုးစပါးအထွက်တိုးနိုင်စေမည့် စိုက်ပျိုးရေးနည်းစနစ်များကို လက်တွေ့ပါဝင်ကူညီ စိုက်ပျိုးပြသပေးခြင်းလုပ်ငန်းများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဲ ဒေါ်နန်းဝတ်ရည်စမ်းနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။