ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများဖြင့်စည်ကားများပြား

ပုသိမ် ဇူလိုင် ၁၀

ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့်နှင့်အညီ ယမန်ညပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် ဥပုသ်သီလခံယူဆောက်တည်သူများ၊ ဝတ်ရွတ်အဖွဲ့များ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)၌ ရွှေမုဋ္ဌောမဟာစေတီတော်ကြီးအပါအဝင် ပုသိမ်မြို့ပေါ်ရှိ ဘုရား၊ စေတီ၊ ပုထိုးများတွင် ဥပုသ်သီလခံယူဆောက်တည်သူများ ကုသိုလ်ဒါနပြုသူများဖြင့် စည်ကားများပြားခဲ့သကဲ့သို့ ပုသိမ်တံတား၊ ရေပေါ်ဈေး၊ ကမ်းနားလမ်းရှုခင်းသာရင်ပြင်၊ ကန်သုံးဆင့် အပန်းဖြေဥယျာဉ် အစရှိသည့်နေရာများတွင်လည်း အနားယူအပန်းဖြေသူများ၊ လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်