တနိုင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

တနိုင်း ဇူလိုင် ၁၀

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ မိုင်းခွန်ကျေးရွာ အုပ်စုအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ခြင်းကို ဇူလိုင်လ ၇ ရက်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့်အဆင့်(၃)ဖြင့်ကွင်းဆင်းဆောင်ရွက်ပေးမှုကို မိုင်းခွန်ကျေးရွာအုပ်စုရှိ ရေနံကုန်းကျေးရွာ(COC) ဘုရားကျောင်းဝင်းအတွင်း၌ မြို့နယ်လဝကဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးဘောက်နော်နှင့် ဝန်ထမ်း(၄)ဦးတို့က ဇူလိုင်လ ၇ ရက်နေ့ နံနက် ၈ ခွဲမှ စတင်၍ ဆောင်ရွက်ကာ နိုင်၃ (က)ကျား-၂ ဦး၊ မ-၂ ဦးနှင့် နိုင်၆ (က)ကျား-၁၆ဦး၊ မ-၁၃ ဦး ပေါင်း ၃၃ ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ် လဝကဦးစီးထံမှ သိရသည်။

 မနောမြေ(တနိုင်း)