သတင်းများ

ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ ဝါဆိုလပြည့်(ဓမ္မစကြာအခါ​တော်နေ့)တွင် ဘုရားဖူးလာပြည်သူများဖြင့်စည်ကား
Jul 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါ​​တော်နေ့)တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးလာပြည်သူများ ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူပူဇော်သူများ၊ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများဖြင့် ယမန်နေ့တွင် စည်ကားလျက်ရှိကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်
Jul 10,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများကျန်းမာရေးဗဟုသုတများနှင့်ပြည်စုံပြီး ရောဂါများဖြစ်ပွားခြင်းမှ ကင်းဝေးစေရန်ရည်ရွယ်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကာ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးခြင်းကို ဇူလိုင် ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က နွယ်အေးရပ်ကွက်၊ သဲကွင်းတွင် တာဝန်ရှိသူများပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ ကွန်ပျူတာအခြေခံသင်တန်း ( ၄/၂၀၂၅) ဆင်းပွဲကျင်းပ
Jul 10,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ကွန်ပျူတာအခြေခံသင်တန်း(၄/၂၀၂၅) ဆင်းပွဲ ကို ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်၍ နေအိမ်(၂) လုံး ပြိုကျပျက်စီးခဲ့ရသည့် မိသားစုများအား ဆန်ရိက္ခာနှင့် အိမ်ဆောက် ပစ္စည်းထောက်ပံ့ငွေများပေးအပ်
Jul 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဘုရားကုန်း ကျေးရွာအုပ်စု၊ ကျိန္တလီ ကျေးရွာတွင် ဇူလိုင်လ ၂ ရက်နေ့၌ဖြစ်ပွားခဲ့သော မိုးရွာသွန်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျ၍ ပြိုကျပျက်စီးခဲ့ရသည့် နေအိမ်(၂)လုံးရှိ မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇူလိုင်လ ၉ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် လူငယ်စကားဝိုင်းနှင့်ဟောပြောပွဲကျင်းပ
Jul 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၉)နာရီခွဲက လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့ သက္ကယ်သောင်ကျေးရွာအုပ်စုနှင့် ကျေးရွာအသီးသီး၌ ဝါဆိုလှိုင်းခုန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပ
Jul 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့နှင့် သက္ကယ်သောင်ကျေးရွာအုပ်စုအပါအဝင် ကျေးရွာအသီးသီးတွင် ဝါဆိုလှိုင်းခုန်ပွဲတော်ကို ယနေ့နံနက်ပိုင်းမှစ၍ နှစ်စဥ်ရိုးရာမပျက် စည်ကားသိုက်မြိုက်ပျော်ရွှင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၌  ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး(Pfizer XBB1Gray Cap COVID   19) ဆက်လက်ထိုးနှံပေး
Jul 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်‌ခရိုင်၊ ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်ရှိ  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး(Pfizer XBB1.5 Gray Cap COVID-19) ထိုးနှံပေးခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Jul 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျိုက်လတ်-ဖျာပုံ စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်ပိုင်းအချိန်က လိုင်စင်မဲ့ မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု မရှိစေရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။