မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောအတွင်းသို့ တာဝန်ရှိသူမှအပ မည်သူတစ်ဦးတစ်ယောက်မျှဝင်ရောက်ခြင်းမပြုရန် အမိန့်ထုတ်ပြန်ထားရှိ
Aug 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောသည် တောရိုင်းတိရိစ္ဆာန်သားကောင်များ၊ ငါး၊ ပုဇွန်၊ မိကျောင်းများ ရှင်သန်ပေါက်ဖွားရာ ဒေသဖြစ်သည့်အပြင် ကနစို၊ မဓမ၊ သင်ပေါင်းစသည့် ဒီရေတော သစ်တောများတည်ရှိပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သာဘာဝပတ်ဝန်းကျင် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးဌာန၊ မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် ဘေးမဲ့တောဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အာဆီယံအမွေအနှစ် ဥယျာဉ် (၇) ခုတွင် (၁) ခုအပါအဝင်ဖြစ်သည်။