လမ်းမတော် ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လမ်းမတော်လမ်းမတော်မြို့နယ် အ.ထ.က (၁) ကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းရှိ စွမ်းအားခန်းမတွင် ကျင်းပပြုလုပ်သည်
အခမ်းအနားတွင် လမ်းမတော်မြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူမှ အဖွင့်အမှာစကားပြောကြားပြီး၊ အမှတ်(၄၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး အေးနိုင်သန်းမှ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးရေးကိုဟောပြောခဲ့သည်။ ထို့နောက် ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေးအထောက်အကူပြုအဖွဲ့ (MORS) ဦးအောင်နိုင်ထွန်းမှ ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေးအကြောင်းကိုလည်းကောင်း၊ အမှတ်(၆)လူကုန်တူးမှုတားဆီးနိမ်နှင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)မှ ရဲအုပ်စိုးသူရမှ လူကုန်တူးမှုတားဆီးနိမ်နှင်းရေးအကြောင်းကိုလည်းကောင်း၊ လမ်မတော်မြို့နယ်အားကစားမှူး ဒေါ်မြနှင်းထွေးမှ အားကစားနှင့် လူငယ်ရေးရာအသိပညာပေးကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ ဆက်လက်ပြီး တိုက်ကွမ်ဒိုအားကစားအဖွဲ့မှ သရုပ်ပြသခြင်းနှင့် အားကစားပစ္စည်းများ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်