ကျောင်းကုန်းမြို့ ရေဘေးရှောင်စခန်းများ၌ အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းကုန်း ဩဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်(၁)ရပ်ကွက်၊ ဆုတောင်းပြည့်ကျောင်းရှိ ရေဘေးရှောင်စခန်း၌ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယဦးစီးမှူး ဦးသက်မင်းဟန်က ရေစတင်ဝင်ရောက်ချိန်၊ ရေလွှမ်းမိုးနေစဉ် အချိန်နှင့် ရေလွှမ်းမိုးပြီးနောက် အခြေအနေများနှင့်ပတ်သက်၍ ကြိုတင်ဆောင်ရွက်ကြရန် အချက်များ၊ ‌ဆောင်ရန်ရှောင်ရန်များ၊ သတိပြုရန်အချက်များနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်း‌လင်းပြောကြားပေးခဲ့ပြီး၊ သိရှိလိုသည်များ မေးမြန်းမှုကို ပြန်လည်ဖြေကြားပေးခဲ့သည်။

အလားတူ အမှတ်(၁)ရပ်ကွက် ရတနာပုံရိပ်သာကျောင်းနှင့် အမှတ်(၂)ရပ်ကွက် မြို့မကျောင်းဟောင်းတို့၌ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)