ညောင်ဦးမြို့တွင် ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ညောင်ဦး  ဩဂုတ် ၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ် သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ပုဂံ) သို့သွားရောက်၍ ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် စာသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာစိုးက ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးအလုပ်သမားဆိုသည်မှာ အသက်အရွယ်အပိုင်းအခြားအလိုက်ခွဲခြား၍ ပညာပေးဟောပြောဆွေးနွေးခဲ့ပြီး၊ ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုးက စားသုံးသူကာကွယ်ရေးအတွက် ကျောင်းဈေးတွင်ရောင်းချနေသည့် ဈေးသည်များနှင့်စားသုံးရန် ထုတ်လုပ်သည့် ကုန်အညွှန်းအမှတ်အသားတံဆိပ်ပါရှိရေးတို့အား ဟောပြောဆွေးကာ ဒုတိယဦးစီးမှူး ဒေါ်ဇင်ယုခိုင်က ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နိုင်ငံအဝှမ်း စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ၊ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးရေးနှင့် ကျောင်းသားကျောင်းသူများ ကျောင်းစာတွင်သာမက ပြင်ပစာပေဗဟုသုတများကိုလည်း လေ့လာလိုက်စားကြဖို့ ပညာပေးဆွေးနွေးသည်။

ပြီးနောက် ကျောင်းသားကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ပြီး အသိပညာ‌ပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ  ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဒီပါလင်း