ဒိုက်ဦး သြဂုတ် ၈
ပဲခူးမြို့ ဟံသာဝတီအားကစားကွင်း၌ ဇူလိုင်လ ၂၉ ရက်နေ့မှ သြဂုတ်လ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား၊ (၆)ခရိုင်နှင့် တက္ကသိုလ်များ၊ အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒိုက်ဦးမြို့နယ်မှ ညောင်လေးပင်ကိုယ်စားပြုအနေဖြင့် အားကစားသမား (၆) ဦးဝင်ရောက်ယှဥ်ပြိုင်ကြသည်။
အဆိုပါဝင်ရောက်ယှဥ်ပြိုင်ကြသော အားကစားသမားများထဲမှ ပွဲစဥ်တစ်လျှောက်အကောင်းဆုံးကို မအိသက်ဖြိုး၊ အကောင်းဆုံးအလယ်တန်းဆုကို မဖြူဖြူဖွေးနှင့် အကောင်းဆုံးဂိုးသမားဆုကို မအေးမာဝင်း တို့ ရရှိခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)