အမရပူရ သြဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဒေါင်းရွေးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက် ၉ နာရီခွဲချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးမှ သန်းခေါင်စာရင်းဆိုင်ရာဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ဦးစီးမှူးရုံး၊ ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းက ၂၀၂၄ ခုနှစ်၊ အောက်တို ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိကောက်ယူမည့် သန်းခေါင်စာရင်းအကြောင်းကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်ပြီးယခုလို ဟောပြောပွဲများဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဟောပြောပွဲအပြီးတွင် ပြည်သူများလေ့လာနိုင်စေရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ကထုတ်ဝေသော လက်ကမ်းစာစောင်များ၊ Wall Sheep ပိုစတာများ၊ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ စာတန်းပါ ဦးထုပ်နှင့်တီရှပ်အင်္ကျီများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းထံမှ သိရသည်။
စိုးသီဟ(အမရ)