ကြံခင်းမြို့နယ်ရုံး၌ စာဖတ်ရှိန်မြှင့်တင်ရေး လူထုအခြေပြုဗဟိုဌာနတွင် မူလတန်းအဆင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပပြုလုပ်

ကြံခင်း ဩဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ အနာဂတ်၏ မျိုးဆက်သစ်လူငယ်များ ဗဟုသုတတိုးပွားလာစေရေး၊ ဥာဏ်ရည်ဥာဏ်သွေးထက်မြတ်လာစေရန်နှင့် လူအများရှေ့တွင် ပြောဆိုတတ်သည့် အလေ့အထကာင်းများရရှိစေရန် စသည့်ရည်ရွယ်ပြီး ယမန်နေ့ နံနက်ပိုင်းက မူလတန်းအဆင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ပြိုင်းပွဲကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် အနာဂတ်၏သားကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ဖြတ်ထိုးဉာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်စေရန်နှင့် ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းလာပြီး စာဖတ်ရှိန်မြှင့်မားလာစေရန်အတွက် လစဉ်ပြိုင်ပွဲများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မူလတန်းအဆင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲကိုကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက အမှတ်တရ ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါး တို့ရှောင်ရှား အသိပညာပေးနံရံကပ်စာများကို အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးက စိတ်ပါဝင်းစားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)