စဉ့်ကိုင် ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်အမျိုးသမီးရေရာအဖွဲ့၊ အခြေခံပညာဦးစီးဌာနနှင့် ဆာကူရာကလပ် (ကာရာတေး) အသင်းတို့ ပူးပေါင်း၍ အမျိုးသမီးများ ကိုယ်လုံပညာသင်တန်းကို အ.ထ.က(စဉ့်ကိုင်)ရှိ သဇင်ခန်းမဆောင်၌ ယမန့်နေ့မွန်းလွဲ ၂နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ သင်တန်းတွင် ဆာကူရာကလပ်အသင်းမှ နည်းပြချုပ် ဆရာဦးဝင်းမြင့်က သင်တန်းပို့ချရခြင်းရည်ရွယ်ချက်များနှင့် သင်တန်းတွင်ပို့ချမည့်သင်ခန်းစာများ အကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် လက်တွေ့ပို့ချသင်ကြားပေးခဲ့ရာ အ.ထ.က(စဉ့်ကိုင်)မှ သင်တန်းသူ (၃၅)ဦးတို့က စိတ်ဝင်တစား သင်ယူခဲ့ကြကြောင်းနှင့် သင်တန်းနည်းဆရာနှင့် သင်တန်းသူတို့အား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အာဟာရမုန့်များနှင့် အားဖြည့်အချိုရည်ဘူးများ ဝေငှပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ၇-၈-၂၀၂၄ရက်နေ့မှ ၂၁-၈-၂၀၂၄ရက်နေ့အထိ နေ့စဉ် မွန်းလွဲ၂နာရီမှ ၃နာရီအထိ ၁၅ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်) (၃၉၉)