မြစ်သားမြို့နယ်တွင် အင်ဂျင်စွမ်းအားသုံး(၆)တန်းသွား လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ
Aug 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားကုန်ကျမှု ပြဿာနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်းနှင့်စပါး အထွက်နှုန်းကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ခုနှစ်၊ အင်ဂျင်စွမ်းအားသုံး(၆)တန်းသွားလက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီခွဲက မြစ်သားမြို့နယ်၊ ကျွန်းလှကျေးရွာ၊ ကွင်းအမှတ်(၄၃၁/ဆ)၊ ဦးပိုင်အမှတ်(၇၆/၁)ရှိ ဒေသခံတောင်သူ ဦးလွန်းမောင်၏လယ်မြေ(၂.၅၀)ဧကအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။