ကဝ ဩဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုများကြောင့် ယာယီကယ်ဆယ်ရေးစခန်း(၇)ခုသို့ ပြောင်းရွှေ့နေထိုင်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ်လ ၇ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ရေကြီးနစ်မြုပ်မှုများကြောင့် အုန်းနှဲကျေးရွာအုပ်စု၊ သက္ကလမြို့၊ သာယာကုန်းကျေးရွာအုပ်စုနှင့် ဇွဲဘာကျေးရွာအုပ်စုတို့တွင် အိမ်ထောင်စု(၁၉၈)စု၊ လူဦးရေ(၇၉၉)ဦးတို့သည် ယာယီကယ်ဆယ်ရေးစခန်း(၇)ခုသို့ ပြောင်းရွေ့နေထိုင်ခဲ့ရပြီး ရေဘေးသင့်ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေ တစ်ဦးလျှင်(၂၁၀၀)ကျပ်နှုန်းဖြင့် (၇၉၉)ဦးအတွက် ငွေကျပ် (၁၆၇၇၉၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)