ညောင်ဦး ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မိတ်ဖက်ဌာနဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်း (အ.ထ.က-၂)တွင် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့၊ ရဲမှူး သက်နိုင်ဦးက လူငယ်နှင့်မူးယစ်ဆေးအကြောင်းအရာတို့အား Projeter Power Point ဖြင့် မူးယစ်ဆေးဝါးအမျိုးမျိုးအကြောင်းနှင့် ကျောင်းသားလူငယ်များ လက်တွေ့စမ်းသပ်သုံးစွဲခြင်းမျိုး လုံးဝရှောင်ကြဉ်ကြရန် အသိပညာပေး ဟောပြောကာ၊ ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာလှမျိုးနိုင်က သွားနှင့်ခံတွင်းကျန်းမာရေးအကြောင်း Projeter Power Point ဖြင့် ရှင်းလင်းဟောပြောဆွေးနွေးသည်။ ဆက်လက်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဆရာမ ဒေါ်ထိုက်ထိုက်က သွေး လွန်တုပ်ကွေးဖြစ်ပွားရသည့် အကြောင်းတို့အား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြပြီး ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်းများ၊ ကျန်းမာရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း