မိုင်းတုံ ဩဂုတ် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဦးဆောင်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဒေသဝက်(၅၀)ကောင်(မွေးဘဏ်စနစ်)ဖြန့်ဖြူပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းတုံမြို့၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မိုင်းတုံခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်မှလည်းကောင်း၊ မိုင်းဆတ်ခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်မှူး ဒေါက်တာနိုင်ထွန်းဦးကလည်းကောင်း အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက အမှာစကားပြောကြာခြင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်ဖြိုးဝေးက ဒေသဝက် (၅၀)ကောင် (မွေးဘဏ်စနစ်)ဖြန့်ဖြူပေးအပ်ခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြီးနောက် ဒေသဝက် (၅၀)ကောင်ကို အိမ်ထောင်စု (၁၀)စုအား အိမ်ထောင်တစ်စုလျှင် (၅)ကောင်နှုန်းဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်ကလည်းကောင်း၊ ခရိုင်မှူး ဒေါက်တာနိုင်ထွန်းဦးကလည်းကောင်း၊ ခရိုင်မြေစာရင်းမှ ခရိုင်မှူး ဦးဇင်မိုးအေးကလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးကလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးမှ ဦးစီးအရာရှိ ဦးထွန်ထွန်းဝင်းကလည်းကောင်း၊ မြို့နယ်ပြန်/ဆက်မှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်ကလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်ဖြိုးဝေးကလည်းကောင်း အသီးသီးပေးအပ်ရာ အိမ်ထောင်စုတစ်စုခြင်းမှ လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)