မိုင်းရှူးမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းရှူး သြဂုတ် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မန်ဆန်းလွန်က စာတတ်ရန်သာမက ပညာတတ်ရန်ပါကြိုးစားကြရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာအုပ်များ လေ့လာဖတ်မှတ်ကြရန်ပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးကျော်ဝင်းက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေးအကြောင်း ဟောပြောခဲ့ကြသည်။ ထို့နောက် နည်းစနစ်မှူး ဦးကျော်ဝင်းက  တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နွယ်ဦးထံ အားကစားပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)