မိုင်းခုတ်မြို့၊ နောင်တုံဘုရားရှိခိုးကျောင်း၌ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (MGO) အဖွဲ့မှ​ အမှတ် (၂) ရပ်ကွက် နောင်တုံရှိ ပြည်သူများအား(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်

မိုင်းခုတ် သြဂုတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ နောင်တုံဘုရားရှိခိုး​ကျောင်းတွင် အပြည်ပြည်ဆိုင်ရာ လူမှုကူညီထောက်ပံ့ရေးအဖွဲ့၊ ဒေါက်တာ သိန်းမြင့်သွင် ဦးဆောင်သော ကျန်းမာရေးအဖွဲ့မှ ယမန်နေ့ နေ့လယ် (၂) နာရီခွဲအချိန်က အမှတ် (၂) ရပ်ကွက် နောင်တုံရှိ ပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးပေးခြင်းသည် “ဒေသစွမ်းအားဖြင့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးစီမံချက်” ဖြင့် မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းအား အဓိကထားဆောင်ရွက်နေသောကြောင့် အသက်ငါးနှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ မကူးစက်တဲ့ရောဂါများ၊ လိုအပ်သောဆေးဝါးများ၊ အာဟာရဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အာဟာရဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ရာတွင် အမျိုးသား (၂၀) ဦး၊ အမျိုးသမီး (၃၅) ဦး၊ စုစုပေါင်း (၅၅) ဦးအား ဆေးကုသစစ်ဆေးပေးခဲ့ကြောင်း သိရသည်။ အလားတူ (၆.၈.၂၀၁၄) ရက်နေ့တွင် ပူကျွဲ (၂) ကျေးရွာတွင် အမျိုးသား (၂၁) ဦး၊ အမျိုးသမီး (၅၀) ဦး၊ စုစုပေါင်း (၇၁) ဦး၊ (၇.၈.၂၀၂၄) ရက်နေ့တွင် ဟားကွယ်ကျေးရွာတွင် အမျိုးသား (၃၀) ဦး၊ အမျိုးသမီး (၄၈) ဦး၊ စုစုပေါင်း (၇၈) ဦးတို့အား ဆေးကုသစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)