စေတုတ္တရာမြို့နယ်၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

စေတုတ္တရာ ဩဂုတ် ၁၂

မကွေတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အစိုးရမှ ပေးပို့လှူဒါန်းသည့် သုတ၊ ရသစာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် နိုင်ငံတော်အစိုးရမှ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ပြီး စာပေဖတ်ရှုလေ့လာခြင်းဖြင့် အမှားအမှန်ဝေဖန်ခွဲခြားတတ်ကာ အတွေးခေါ်ကောင်းများရရှိစေရန်အတွက် ပေးပို့လှူဒါန်းသည့် သုတ၊ ရသ စာအုပ်စာစောင်ပေါင်း ၅၀ အုပ်ကို မြို့နယ်အတွင်း ရှင်သန်နေသည့် စံညီစာကြည့်တိုက် ၂ တိုက်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့် အဖွဲ့ဝင်များ တက်ရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိတို့က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်တာဝန်ခံထံ ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်း စာကြည့်တိုက်ပေါင်း ၁၈ တိုက်ရှိရာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးကြရန်နှင့် ကျေးရွာတွင် စာကြည့်တိုက်ရှင်သန်မှ ဒေသခံကျေးရွာနေပြည်သူများမှ ဖတ်ရူခြင်းဖြင့် အသိပညာဗဟုသုတရရှိ၍ အမှားအမှန်ကို ခွဲခြားသိမြင်မည်ဖြစ်ပါကြောင်း၊ ဖအိုင်း (အနောက်) ကျေးရွာ တက်နေဝန်းစာကြည့်တိုက်နှင့် မကြီးစုကျေးရွာ ဗေဒါလမ်းစာကြည့်တိုက်တာဝန်ခံများအနေဖြင့် လှုဒါန်း‌ထားသော သုတ၊ ရသစာအုပ်များ၌ လူထုသိပ္ပံကျမ်းအတွဲ (၅) တွဲစာအုပ်များလည်း ပါဝင်ကြောင်းနှင့် စာအုပ်များကို စနစ်တကျရေးသွင်းကာ ကျေးလက်နေပြည်သူများ ဖတ်ရူနိုင်ရေး ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့ပြီး စာကြည့်တိုက်များနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)