ပန်းတနော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား အရန်မီးသတ်တပ်ဖွဲ့(ပုလဲ)မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်

ပန်းတနော် သြဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ (ပုလဲ)မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရန်အတွက် ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ ဩဂုတ်လ(၁၀)ရက်နေ့ နံနက်ပိုင်းက ရေဘေးသင့်ကျေးရွာများသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထို့သို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် အရန်မီးသတ်တပ်ဖွဲ့ (ပုလဲ) တပ်ခွဲမှူး ဦးထင်လင်းအောင် ဦးဆောင်သော အရန်မီးသတ်တပ်ဖွဲ့ (၂၄)ဦးနှင့် ပန်းတနော်မြို့နယ် ဒုတိယမီးသတ်ဦးစီးမှူးဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦးတို့မှ ခရေကန်ကျေးရွာနှင့် ဘုရားစုကျေးရွာရှိ ရေဘေးသင့်ပြည်သူများ အိမ်ထောင်စု (၅၆)စု၊ လူဦးရေ ကျား(၉၅)ဦး၊ မ (၁၁၅)ဦး စုစုပေါင်း (၂၅၀)ဦးတို့အား အိမ်ထောင်စု (၁) စုလျှင် ဆန်း (၂)ပြည်၊ ခေါင်ဆွဲချောင်း (၆)ထုပ်၊ ဆီ (၂၅)ကျပ်သား၊ အဝတ်အထည် (၂)ထည့်နှင့် ရေသန့်ဘူးများ စသည့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့ဝင်များသည် မိုးကုတ်ကျေးရွာအုပ်စု၊ ကျုံကဒူးကျေးရွာရှိ ရေဘေးသင့် ပြည်သူများ အိမ်ထောင်စု (၈၀)စု၊ လူဦးရေ ကျား (၁၂၀)ဦး၊ မ (၂၀၀)ဦး စုစုပေါင်း (၃၂၀) ဦးတို့အား အိမ်ထောင်စု (၁)စုလျှင် ဆန်း (၂)ပြည်၊ ဆီ (၂၅)ကျပ်သား စသည့်စားသောက်ကုန်ပစ္စည်းများနှင့် အဝတ်အထည်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)