ကျွန်းလှ ဩဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၄ - ၂၀၂၅) ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး ထောက်ပံ့ရန်ပုံငွေဖြင့် ပိတောက်မြိုင်ရပ်ကွက်၊ သုံးပန်လှလမ်း၌ ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်ကြောင်း သိရသည်။
ထိုကျောက်ချောလမ်း အရှည် ၇၅၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၉ လက်မကို ခွင့်ပြုရန်ပုံငွေကျပ် ၁၈ ဒသမ ၇၅၀ သန်းဖြင့် ကျွန်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ကြောင်း သိရသည်။
ကျွန်းလှမြို့တွင် (၂၀၂၄ - ၂၀၂၅) ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး ထောက်ပံ့ရန်ပုံငွေဖြင့် ကတ္တရာလမ်း (၂) လမ်း၊ ကျောက်ချောလမ်း (၄) လမ်း၊ ကွန်ကရစ်တံတား (၅) စင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်ပြီး ရဟန်းရှင်လူပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ရာသီမရွေး သွားလာရေး အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို (ပြန်/ဆက်)