တောင်တွင်းကြီး သြဂုတ် ၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမတွင် ယမန်နေ့နေလယ် (၁)နာရီခွဲအချိန်က စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာအုပ်/စာစောင်ပြပွဲအား ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက တောင်တွင်းကြီးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား မြို့နယ်ပြည်သူ့စာကြည်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဖတ်ရှုသည့်အလေ့အထမှ အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဗဟုသုတကြွယ်ဝစေရန်နှင့် စာအုပ်စာစောင်များအား တန်ဖိုးထားတက်စေရန် ရည်ရွယ်၍ စာအုပ်/စာစောင်ပြပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် အလုပ်တာဝန်များဖြင့် မအားလပ်၍ လာရောက်မဖတ်ရှုနိုင်သည့် စာပေချစ်မြတ်နိုးသူများအတွက်လည်း Mobile Library စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစာအုပ်စာစောင်ပြပွဲတွင် သုတ၊ ရသ၊ ရုပ်ပြ စာအုပ်စာစောင်များ၊ အသိပညာဗဟုသုတရရှိစေမည့် စာအုပ်များကိုလည်း ခင်းကျင်းပြသခဲ့ပြီး အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးခန့်က စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)