ပင်းတယ ဩဂုတ် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ကျေးရွာနေပြည်သူများ အားလပ်သည့်အချိန် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရေး၊ စာဖတ်ရှိန်မြင့်မားလာစေရေးနှင့် စာအုပ်စာပေများမှ ရရှိသည့် အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပွေးလှကျေးရွာအတွင်းရှိ "ပညာပျိုးခင်း" စာကြည့်တိုက်အား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်နှင့် ဝန်ထမ်းများက တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ပွေးလှကျေးရွာရှိ ပညာပျိုးခင်းစာကြည့်တိုက် ပြန်လည်ပြင်ဆင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာစာကြည့်တိုက်ကော်တီဝင်များနှင့် တွေ့ဆုံ၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာအုပ်စာစောင်များ တိုးပွားလာစေရေး၊ ကျေးရွာစာကြည့်တိုက် ဆက်လက်ရှင်သန်ခိုင်မာစေရေးနှင့် စာကြည့်တိုက်တွင် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)