သတင်းများ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တောင်ကြီးတက္ကသိုလ်၊ တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အထူးပြုဘာသာရပ်ပေါင်းစုံ သွေးလှူဒါန်းပွဲကျင်းပ
Aug 17,2024
“သင့်သွေးဖြင့် အသက်ကယ်ပါ” ဆောင်ပုဒ်နှင့်အညီ လူ့အသက်များကို ကယ်တင်နိုင်ရန်အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တောင်ကြီးတက္ကသိုလ်၊ တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အထူးပြု ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ၏ သွေးလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက တောင်ကြီးတက္ကသိုလ်၊ ကျိုင်းတုံခန်းမ၌ ကျင်းပသည်။
မိုင်းနောင်(အ.ထ.က)ကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်
Aug 17,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျွန်းစုမြို့တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်း တိုက်ကျွေးပေး
Aug 17,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ မြို့ပေါ်ရပ်ကွက်များအတွင်း ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်‌ချဆေးပေါင်း တိုက်ကျွေးပေးခြင်းကို ယမန်နေ့ မနက်ပိုင်းက ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်၌ ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့မှူးတွင် စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 17,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသော စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေးဟောပြောပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပင်လုံမြို့နယ်တွင် အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းဖွင့်
Aug 17,2024
စိုက်ပျိူရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လွိုင်လင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှဦးစီး၍ ဒေသတွင်းငါးကဏ္ဍဖွံ့ဖြိုးရေးကို ဦးတည်လျက် အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသား ဖောက်ခြင်း နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပင်လုံမြို့ နယ်သပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ ဖြိုးရေးသင်တန်းကျောင်း (ပင်လုံ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ သန်းခေါင်စာရင်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကျင်းပ
Aug 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သန်းခေါင်စာရင်းကော်မတီနှင့် မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ ကျင်းပပြုလုပ်သည်။
ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်
Aug 17,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက် အသိပညာပေး ဟောပြောခြင်း  နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀)နာရီက (အ.ထ.က) မင်းတန်းကျောင်း၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Aug 17,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူ၊ လူငယ်လူရွယ်များအသိပညာဗဟုသုတရရှိစေရန်၊   တစ်ဦးနှင့် တစ်ဦးအတွေးအခေါ်၊  အယူအဆများဖလှယ်တတ်စေရန်၊ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ထောက်ရှာတန်းကျေးရွာအုပ်စု၊ ထောက်ရှာတန်းကျေးရွာ  အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌  လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။