ကျိုက်မရောမြို့ အ.လ.က အထရံကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျိုက်မရော သြဂုတ် ၂၂

မွန်ပြည့်နယ် ကျိုက်မရောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပညာရေးဌာန၊ မြို့နယ်ပညာရေးဌာန၊ ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် နံရံပ်စာစောင်ပြသပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အ.လ.က အထရံကျောင်းအထရံခန်းမ၌ ပြုလုပ်သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးက စာဖတ်ရှိန်မြင့်တင်ရေးပွဲများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိူမြတ်မြတ်ထွေးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကို ပညာပေးဟောပြောခဲ့သည်။

အဆိုပါ ပညာပေးဟောပြောပွဲတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်၏ ဆိုးကျိုးများ၊ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးဆိုင်ရာ ပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်မျိုးစုံတို့ကို ခင်းကျင်းပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရူခဲ့ကြကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး