အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော ငါးဖယ်ချဥ်ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

ဒိုက်ဦး သြဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသော ငါးဖယ်ချဥ်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဒိုက်ဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်က အဖွင့်အမှာစကားပြောကြားပါသည်။

ဆက်လက်၍ မလတ် ငါးဖယ်ချဥ်ထုတ်လုပ်သူက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် သင်တန်းသားများအား ငါးဖယ်ချဥ်ထုတ်လုပ်ပုံအဆင့်ဆင့်အား သင်တန်းသင်ကြားပို့ချပါသည်။

သင်တန်းသို့ မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်မှသင်တန်းသူ ၂၅ ဦးတက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)