သတင်းများ

မြောင်းမြမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် လာရောက်ကြသူများ၏ ရင်တွင်းစကားသံများ
Aug 25,2024
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများစာအုပ်စာပေေလ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်လာရောက်သူများ၏ ရင်တွင်းစကားသံများအား ဖော်ပြေပေးလိုက်ပါသည်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး
Aug 25,2024
နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုးတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့၊ အမှတ်(၆) ရပ်ကွက်ရှိ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဇနိန္ဒမဟာထေရ်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်(၁) နာရီအချိန်၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်​ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်ကြီးသို့ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Aug 25,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းအခက်အခဲမရှိစေရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသူ တက်ရောက်ကြသည်။
ကော့သောင်းမြို့တွင် ဥပဒေအသိပညာပေးသင်တန်းအမှတ်စဉ် (၂/၂၀၂၄)ဖွင့်လှစ်
Aug 25,2024
တနင်္သာရီတိုင်းဒေသကြီး၊   ကော့သောင်းခရိုင်၊  ကော့သောင်းမြို့တွင် တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့်ပညာရေး ဌာနတို့ပူးပေါင်းဆောင်ရွက်သည့် ဥပဒေအသိပညာပေးသင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက  ကော့သောင်းမြို့၊   မဉ္ဇူသက ခန်းမတွင်  ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဥပဒေချုပ်၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ဥပဒေရုံးမှတာဝန်ရှိသူများ၊ သင်တန်းသားကျောင်းသူ ဆရာ၊ဆရာမများတက်ရောက်ခဲ့ကြသည်။
မြန်အောင်တွင်၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများ၊ သင်ကြားပေးသောဆရာဆရာမများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Aug 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသား၊ သူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများ၊ သင်ကြားပေးသော ဆရာဆရာမများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အောင်ဇေယျ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်းဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ကျင်းပ
Aug 24,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျာင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး၊ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းရှိ အားကစားရုံ၌ ကျင်းပကြောင်း သိရသည်။