၂ဝ၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မုံရွာခရိုင်၏(ခရိုင်အဆင့်) မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

 မုံရွာ ဩဂုတ် ၂၅

၂ဝ၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မုံရွာခရိုင်၏(ခရိုင်အဆင့်) မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီက မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြသလ္လာခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊  တက္ကသိုလ်၊ ကောလိပ်နှင့်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ အကဲဖြတ် ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြိုင်ပွဲဝင်များက ဧည့်ခံဖျော်ဖြေကြရာ  အ.ထ.က(၂)၊ မုံရွာမှ မဖူးဖူးနှင့်အဖွဲ့က ဆံရစ်ဝိုင်းတေးသီချင်းဖြင့်လည်းကောင်း၊ အ.ထ.က(၂)၊ အလုံမှ မမေဇင်ဦးနှင့်အဖွဲ့က လက်ခတ်သံ တေးသီချင်းတို့ဖြင့်လည်းကောင်း၊ အမျိုးသားအမျိုးသမီးတစ်ဉီးချင်း တပင်တိုင် အကတို့ဖြင့်လည်းကောင်းအသီးသီးကပြ သီဆိုဖျော်ဖြေခဲ့ကြသည်။

ဆက်လက်ပြီး ၂ဝ၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မုံရွာခရိုင်၏(ခရိုင်အဆင့်) မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကိုကျင်းပရာ တက္ကသိုလ်၊ ကောလိပ်၊ တိုင်းဒေသကြီး၊ ခရိုင်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိသူများနှင့် နှစ်သိမ့်ဆုရရှိသူများထံသို့  ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက်    မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက မုံရွာတက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ ခရိုင်ပညာရေးမှူးနှင့် အကဲဖြတ်လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ခရိုင်ဥပဒေအရာရှိ ဦးကျော်မင်းနိုင်ထံသို့ ဂုဏ်ပြုအမှတ်တရလက်ဆောင်များအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီးကျော်မိုးက အဆိုပြိုင်ပွဲတွင် ဒိုင်အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပေးခဲ့သော သဘင်အစည်းအရုံး ဒု-ဥက္ကဋ္ဌ ဦးကျော်ဝိတ်၊ အကပြိုင်ပွဲတွင် ဒိုင်အဖွဲ့ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပေးခဲ့သော အကပညာရှင် ဒေါ်ချိုတာလွင်၊ အရေးပြိုင်ပွဲတွင် ဒိုင်အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပေးခဲ့သော ဦးသန်းထွန်း(မြတ်သုတ-မြန်မာစာ)နှင့် အ.ထ.က-၂(အလုံ)မှ ကျောင်းသားဟောင်း မောင်ကျော်လင်းသန့် တို့ထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာများအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ ပြီးနောက် ဆုရရှိသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)