သတင်းများ

ဝေါမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 03,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့ဘက်ကမ်းရပ်ကွက်မင်းလမ်း၌ တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်နန်းကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် မြန်မာ့သိုင်းစွမ်းရည်ပြပွဲသို့ တက်ရောက်
Feb 03,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ (၈) မိုင် နောင်နန်းကျေးရွာ၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ပြီးစီးသည့် နောင်နန်း - ၈မိုင် - လမြန် -၁၀ မိုင်လမ်း ကွန်ကရစ်လမ်းသစ်အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၈ နာရီခွဲက လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။
အင်္ဂပူမြို့နယ်၊ အ.ထ.က (သုံးကွင်းဆိုင်) တွင် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ
Feb 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ သုံးကွင်းဆိုင်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၊ သုံးကွင်းဆိုင်ကျောင်းခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ‌သော လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းတို့ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဥ်အခမ်းအနားကျင်းပ
Feb 03,2024
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ရက်သတ္တပတ်လှုပ်ရှားမှုအစီအစဥ် Silver Sparks & Swiper :Celebrating 25th Year Annivercsary ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်၀န်းအတွင်းရှိ MICT park yangon ၌ ကျင်းပသည်။
မင်းဘူးမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး ပန်းချီ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကျင်းပ
Feb 03,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ် (၂) အထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုအားပေးခြင်းနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး
Feb 03,2024
မုံရွာမြို့နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်စေရေး၊ ရပ်ကွက်အတွင်းရှိလမ်းများ သန့်ရှင်းသပ်ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ စိန်ပန်းဝါလမ်း ဘေးဝဲ/ယာအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမူရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
မကွေးတက္ကသိုလ်၌ လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော်ကျင်းပဆင်နွဲ
Feb 03,2024
လူငယ်များ ဗလငါးတန်ပြည့်စုံရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ တက္ကသိုလ်ဌာနအသီးသီးရှိ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
အမာမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်
Feb 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့အတွင်းရှိ သာသနိကအဆောက်အဦးများ၊ စာသင်ကျောင်းများ၊ အလုပ်ရုံများနှင့် လူနေအိမ်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများကို မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများက ယနေ့နံနက် (၉)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။