Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Aug 25,2024
ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့၌ သမာဓိအကျိုးဆောင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း(လီမီတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ
Aug 25,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ မြို့လယ်ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီက သမာဓိအကျိုးဆောင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း(လီမီတက်)မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အသင်းသား ၈၆၆ ဦးစာရင်းရှိပြီ ၄၃၅ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလိုက်ချောင်းရေကျဆင်းမှုအခြေအနေများ ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး
Aug 25,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၌ ဩဂုတ်လ ၂၃ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ ငလိုက်ချောင်းရေမြင့်တက်လာမှုကြောင့် ရေတိုက်စား၍ပျက်စီးခဲ့မှုအခြေအနေများနှင့် ကူးတို့ဆိပ်ကျေးရွာအုပ်စုအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၄-၂၀၂၅ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားတက်ရောက်
Aug 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ၂၀၂၄-၂၀၂၅ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားအား ယမန် နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ် ယင်းမာပင်အထက၌ ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့်၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်
Aug 25,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ယင်းမာပင်အထက၌ ရွှေယင်းမာ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ပွဲ အခမ်းအနားကိုယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ်တွင် ရေကြီးနစ်မြုပ် မိုးစပါးလယ်မြေများအတွက် ပိုပိုစွမ်းကုမ္ပဏီမှ သဘာဝမြေဩဇာများ ထောက်ပံ့လှူဒါန်း
Aug 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ရေကြီးနစ်မြုပ်ထိခိုက်မှု ဖြစ်ပေါ်သော မိုးစပါးဧရိယာများအတွက် ပိုပိုစွမ်း သဘာဝဓာတ်မြေဩဇာကုမ္ပဏီမှ ငါးအမိုင်နိုအက်စစ် ရွက်ဖျန်းမြေဩဇာများအား တောင်သူများသို့ ထောက်ပံ့ လှူဒါန်းပေးအပ်ပွဲကို မှော်ဘီမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(စကု) ဖွင့်လှစ်သင်ကြားနေမှုနှင့် ယခုနှစ် မိုးစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေအား တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 25,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(စကု)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနေမှုနှင့် မြို့နယ်အတွင်း၌ ယခုနှစ် မိုးစပါးစိုက်ပျိုး ပြီးစီးမှုအခြေအနေများကို စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့၌ ဥပဒေအသိပညာပေးသင်တန်း အမှတ်စဉ်(၄/၂၀၂၄)သင်တန်း ဖွင့်လှစ်
Aug 25,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့်ပညာရေးဌာနတို့ပူးပါင်းဖွင့်လှစ်သည့် ဥပဒေအသိပညာပေးသင်တန်း အမှတ်စဉ်(၄/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်က အ.ထ.က(ဘုတ်ပြင်း) နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7433
Page
7434
Page
7435
Page
7436
Current page
7437
Page
7438
Page
7439
Page
7440
Page
7441
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department