သတင်းများ

ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး
Aug 26,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊  အမှတ် ၆ မင်းတဲရပ်ကွက်တွင် ပါမောက္ခဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော  ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၂၀၀)ဦးကျော်အား အခမဲ့ကုသပေးခဲ့သည်။
သာပေါင်းမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများအား ဆန်၊ အာဟာရမှုန့်နှင့် ဘီစကစ်မုန့်ထုပ်များ ထောက်ပံ့ပေးအပ်
Aug 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်မှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် (၂၀၂၄) ခုနှစ် ဇူလိုင်လ၊ ငဝန်မြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်နစ်မြုပ်ခဲ့သည့် ရေဘေးသင့်အိမ်ထောင်စုများအား ဩဂုတ်လ ၂၄ ရက်နေ့၊ နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ဆန်၊ အာဟာရမှုန့်နှင့် ဘီစကစ်မုန့်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဟင်္သာတမြို့နယ်တွင် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ
Aug 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြို့နယ်အဆင့် မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
သီတဂူစက္ခုဒါနဆေးရုံတော်၌ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်၊ စစ်ဆေး၊ ခွဲစိတ်ကုသပေးခြင်းများဆောင်ရွက်
Aug 26,2024
နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု၊ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ သီတဂူမျက်စိအထူးကုအဖွဲ့၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမများက ခေတ်မီစမ်းသပ်စစ်ဆေးသော စက်ကြီးများဖြင့် သတ္တမအကြိမ်မြောက်အခမဲ့စမ်းသပ်၊ စစ်ဆေးခွဲစိတ်ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ပန်းတနော်မြို့၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဥပဒေဆိုင်ရာ အခြေခံအသိအမြင်များ ဆွေးနွေးပို့ချခြင်း အခမ်းအနားကျင်းပ
Aug 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဆရာ/မများ ကျောင်းသား/သူများအား ဥပဒေဆိုင်ရာ ကိစ္စရပ်များ သိရှိ‌စေရန် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဥပဒေဆိုင်ရာ အခြေခံအသိအမြင်များ ဆွေးနွေးပို့ချခြင်း အခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မောက်မယ်မြို့နယ်၌ နမ့်ယွမ်းချောင်းရေမြင့်တက်မှုကြောင့် ရေနစ်မြုပ်ခဲ့သည့် လူနေအိမ်များအား ရေပြန်လည်ကျချိန်တွင် စားစရာများ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်
Aug 26,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်ယွမ်းချောင်းရေမြင့်တက်ပြီး ရေကြီးရေလျှံမှုဖြစ်ကာ စျေးတန်းရပ်ကွက်များအတွင်းရှိ မြေနှိမ့်ပိုင်း နေအိမ် ၅၂ အိမ်အား ရေနစ်မြုပ်ခဲ့ရာမှ ရေပြန်ကျသွားခဲ့ပြီး ရပ်ကွက်နေပြည်သူများ စားရေးသောက်ရေးအခက်အခဲမရှိစေရန် ယမန်နေ့ညနေ ၃ နာရီက စျေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ အလှူရှင်များက စားစရာများ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
ဟင်္သာတခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်းဆွမ်းလောင်း လှူပွဲ ကျင်းပ
Aug 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက  ဟင်္သာတခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဝန်းအတွင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးနှင့် ဇနီး ဒေါ်ခင်သန္တာဦးတို့ ဦးဆောင်၍ မြစ်ကွေ့ကျောင်းတိုက်ရှိ သံဃာတော်အရှင်သူမြတ်တို့အား ဝါတွင်းကာလ ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူခဲ့ကြသည်။
ကလောမြို့၌ ချောင်းရေများ ပြန်လည်ကျဆင်းလျက်ရှိ
Aug 26,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၆ နာရီက ကလောချောင်းရေလျှံမှုဖြစ်ပွားခဲ့ပြီး ယမန်နေ့ မနက်ပိုင်းမှစ၍ ကလောချောင်းရေများ ပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရသည်။