သတင်းများ

ကျောက်ဆည်မြို့နယ်တွင် မိုးစပါး(၄၁၉၀၄)ဧက လျာထားစိုက်ပျိုး
Aug 26,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဒေသအတွင်းဆန်စပါးဖူလုံပိုလျှံရေး နွေစပါး၊ မိုးစပါးများကို စီမံကိန်းသီးနှံအဖြစ်သတ်မှတ်ပြီး ဆည်ရေ၊ မိုးရေ၊ မြေအောက်ရေ (စက်ရေတွင်း)ဖြင့် တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မိုးစပါး(၄၁၉၀၄)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလိုက်ချောင်းရေကျဆင်းမှုအခြေအနေများ ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး
Aug 26,2024
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ငလိုက်ချောင်းဘေးရှိ ယောက်သွားအင်းကျေးရွာအုပ်စုအတွင်းရှိ ချောင်းရေများဝင်ရောက်မှုကြောင့် ယောက်သွားအင်းဓမ္မာရုံတွင် ယာယီပြောင်းရွှေ့နေရာချထား သည့် ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး နေလယ်စာထမင်းဗူးများကို ဝေငှပေးခဲ့ပြီးလိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး ၃၉၇၉၁ ဧက စိုက်ပျိုးပြီးစီး
Aug 26,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်၌ မိုးစပါး ဧက ၄၀၉၃၂ ဧက လျာထားစိုက်ပျိုးကာ ၃၉၇၉၁ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မူဆယ်မြို့၌ ကျောင်းပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ပြုလုပ်
Aug 26,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ပြည်ထောင်စုအားကစားကွင်း၌ ကျောင်းပေါင်းစုံအသက်(၁၉)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ(၃)နာရီက ပြုလုပ်သည်။
မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်​ကျေးရွာအုပ်စုတွင် ​ကျေးရွာချင်းဆက်လမ်း​ပေါ်၌ တံတားတစ်စင်း ပျက်စီးမှုဖြစ်ပွား
Aug 25,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သြဂုတ်လ ၂၄ ရက်က မိုးအဆက်မပြတ်ရွာသွန်းမှု​ကြောင့် နမ့်ပန်ကျေးရွာအုပ်စု၊ မိုင်းဝီးစေတီ - နမ့်ဖက်ကျေးရွာချင်းဆက်လမ်း​ပေါ်ရှိ Box Culvert ၁စင်း ပျက်စီးဆုံးရှုံးမှုဖြစ်ပွား​ကြောင်း သိရသည်။
မြဝတီမြို့တွင် Mpox (မျောက်ကျောက်) ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ
Aug 25,2024
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် Mpox (မျောက်ကျောက်) ရောဂါ ကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာထားရာ ကရင်ပြည်နယ်၊  မြဝတီမြို့နယ်အတွင်းရှိ  ပြည်သူများအနေဖြင့်  ကြိုတင်ကာကွယ်နိုင်ရန်  Mpox (မျောက်ကျောက်)  ရောဂါကာကွယ်ရေးနှိုးဆော်ချက် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၇ နာရီက ဘုရင့်နောင်ဈေးကြီးရှေ့၌  စုပေါင်းဆောင်ရွက်သည်။
ကျောက်တန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အခြေခံအသိအမြင်များအား အသိ ပညာပေးဟောပြော
Aug 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ အသိ ပညာဗဟုသုတတိုးပွားစေရန်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံအသိပညာများ ဟောပြောခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီကအမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း မှော်၀န်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့ ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ တက်ရောက်
Aug 25,2024
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်မြို့ ကန်စွန်းအင်းကိုယ်ပိုင် အထက်တန်းကျောင်းတွင် ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲတက်ရောက်ခဲ့ကြရာ ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ကန်စွန်းအင်းကိုယ်ပိုင် အထက်တန်းကျောင်း ဂီတအနုပညာ သင်တန်းသား/သူများမှ  “အနာဂတ်ပျိုးခင်း ကျောင်းကန်စွန်းအင်း”  နှင့် “ချမ်းမြေ့ပါစေ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။