ဟင်္သာတ သြဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက ဟင်္သာတခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဝန်းအတွင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးနှင့် ဇနီး ဒေါ်ခင်သန္တာဦးတို့ ဦးဆောင်၍ မြစ်ကွေ့ကျောင်းတိုက်ရှိ သံဃာတော်အရှင်သူမြတ်တို့အား ဝါတွင်းကာလ ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူခဲ့ကြသည်။
အဆိုပါ လောင်းလှူပွဲတွင် ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်ဆန်းထွန်းနှင့် ဇနီး ဒေါ်အိအိခင်၊ ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများက စုပေါင်း၍ ဟင်္သာတမြို့ မြစ်ကွေ့ပရိယတ္တိစာသင်တိုက်ရှိ စာချ၊ စာသင်တိုက် သံဃာတော်အရှင်သူမြတ် (၁၆၅)ပါးတို့အား ဝါတွင်းကာလ ဆွမ်းနှင့် ဆွမ်းဟင်းများ၊ အခြားလှူဖွယ်ဝတ္ထုပစ္စည်းများကို စုပေါင်း လောင်းလှူခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)