မောက်မယ် သြဂုတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်ယွမ်းချောင်းရေမြင့်တက်ပြီး ရေကြီးရေလျှံမှုဖြစ်ကာ စျေးတန်းရပ်ကွက်များအတွင်းရှိ မြေနှိမ့်ပိုင်း နေအိမ် ၅၂ အိမ်အား ရေနစ်မြုပ်ခဲ့ရာမှ ရေပြန်ကျသွားခဲ့ပြီး ရပ်ကွက်နေပြည်သူများ စားရေးသောက်ရေးအခက်အခဲမရှိစေရန် ယမန်နေ့ညနေ ၃ နာရီက စျေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ အလှူရှင်များက စားစရာများ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှဝင်းနှင့် အလှူရှင်များက ရေနစ်မြုပ်ခဲ့သည့် နေအိမ် ၅၂ အိမ်အား စားရေးသောက်ရေးအဆင်ပြေစေရန်အတွက် သောက်ရေသန့်၊ ဆန်၊ ဆီ၊ ဆား၊ ဟင်းချိုမှုန့်၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာဗူးများအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)