ဟင်္သာတ သြဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြို့နယ်အဆင့် မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနများမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်ပြီး တစ်ဦးချင်း ဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်၊ ကျေးရွာ စာရေးဝန်ထမ်းများ၊ ကျန်းမာရေးဌာန ဆရာမများ၊ မြို့နယ်လဝကရုံး ဝန်ထမ်းများက မိမိတို့ရပ်ကွက် ကျေးရွာများအလိုက် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများအား တိုက်ဆိုင်စစ်ဆေး ၊ စာရင်းသွင်း အတည်ပြုခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ၊ စီမံကိန်း၊ ဥပဒေ၊ ဆက်သွယ်ရေး၊ လူမှုဝန်ထမ်းဌာနများမှ တာဝန်ရှိသူများ ဝန်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)