ပန်းတနော် ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဆရာ/မများ ကျောင်းသား/သူများအား ဥပဒေဆိုင်ရာ ကိစ္စရပ်များ သိရှိစေရန် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဥပဒေဆိုင်ရာ အခြေခံအသိအမြင်များ ဆွေးနွေးပို့ချခြင်း အခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးသိန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဆရာကြီး ဦးခင်ဌေးက အမှာစကားပြောကြားခြင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး(ပညာ) ဆရာကြီး ဦးသက်နိုင်အေးမှ ဆရာ/မများ၊ ကျောင်းသား/သူများအား ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဥပဒေဆိုင်ရာ အခြေခံအသိအမြင်များအား ဆွေးနွေးပို့ချခြင်းကို မြို့နယ်ဥပဒေအရာရှိ ဒေါ်အိဖြူသော်က အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ရာ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အတွင်းရှိ ဆရာ/မများ၊ ကျောင်းသား/ သူများ စုစုပေါင်း (၂၀၀)ဦးခန့်တို့က တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူအောင်(ပြန်/ဆက်)