ဟုမ္မလင်း၊ ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်း (၉)နာရီမှ (၁၂)နာရီအထိ အပတ်စဉ် သောကြာနေ့တိုင်း ဆောင်ရွက်မှု ပေးလျက်ရှိကြောင်း သိရသည်။
သက်ကြီးဘိုးဘွားများ ကျန်းမာရေး စောင့်ရှောက်မှုနှင့်ကုသမှု ဆောင်ရွက်ပေးခြင်းကို ဟုမ္မလင်း ခုတင်(၁၀၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်ဆွေ၊ ဒေါက်တာ နန်းဝင်းအောင်နှင့် ဆရာ/ ဆရာမများက သက်ကြီးရွယ်အိုများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွားများ စုစုပေါင်း (၁၂၀)ဦးအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွား ကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်တွင် ကျန်းမာရေး စစ်ဆေးမှုမခံယူမီ သက်ကြီးဘိုးဘွားများအား ကိုယ်ကာယ ကျန်းမာ၊ ကြံ့ခိုင်စေရေးအတွက် ဦးတင်မောင်ဝင်း( HA1) က ဦးဆောင်လေ့ကျင့်ပေးခဲ့ကြောင်းနှင့် အာဟာရဒါနအနေဖြင့် ကြက်သားဆန်ပြုတ် တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)