ဇလွန် ဖေဖော်ဝါရီ ၂
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဖားလက်ခိုကျေးရွာအုပ်စုနှင့် သက္ကယ်ကျွန်းကျေးရွာအုပ်စုတို့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို (၂၄.၁.၂၀၂၄)ရက်နေ့မှစတင်၍ ဖားလက်ခိုကျေးရွာအုပ်စုနှင့် သက္ကယ်ကျွန်းကျေးရွာအုပ်စုတို့မှ လူနေအိမ်အလုံး (၃၀၀)အတွက် လူနေအိမ်တစ်လုံးလျှင် ငွေကျပ် (၄၅၀၀၀)နှုန်းဖြင့် (၁၃.၅၀)ကျပ်သန်းတန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းများအား ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာစေတနာရှင်ပြည်သူများနှင့်အတူ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)