မတ္တရာ ဖေဖော်ဝါရီ ၂
၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာရေးစပ် ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲများကို နံနက်ပိုင်းတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ထိန်းသိမ်းစို့လေ ဒို့ပြည်ထောင်စုအမွေ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နေ့လည်ပိုင်းတွင် အထက်တန်းအဆင့် ကဗျာရေးစပ်ပြိုင်ပွဲကို ပြည်ထောင်စုတဲ့ ညီနောင်စု ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာကျောင်းများ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများမှ ဆုရှိသူများကို ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)