ဇလွန် ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဇလွန်မြို့နယ်စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော စာပေနှင့်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အ.ထ.က (၁) ဇလွန် အမျိုးသားကျောင်းဆောင်တွင် ကျင်းပခဲ့သည်။
စာပေနှင့်အသိပညာပေးဟောပြောပွဲ အခမ်းအနားတွင် အ.ထ.က (၁) ဇလွန်ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မာဝင်းက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဇလွန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဇလွန်မောင်ပြေငြိမ်းက လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဇလွန်မြို့နယ် စာရေးဆရာအသင်း အလုပ်အမှုဆောင် ကိုတင်မောင်ဝင်း (ဒူးယား) က စက္ကန့်လေးတွေ စိန်စီထားမယ် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဇလွန်မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် မျိုးမြင့်မြတ် (ဇလွန်) က လူငယ်နှင့်သူတို့အမြင် ခေါင်းစဥ်တို့ဖြင့်လည်းကောင်း အသီးသီး အသိပညာပေးဟောပြောခဲ့ကြပြီး အ.ထ.က (၁) ဇလွန်ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဝေယံ