ဟားခါးတက္ကသိုလ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲပြုလုပ်

ဟားခါး ဖေဖော်ဝါရီ ၂

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးတက္ကသိုလ်၊ အဆောင် (၂)၌ ကျင်းပရာ ဟားခါးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက ပြိုင်ပွဲကျင်းပနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါပြိုင်ပွဲကို ဟားခါးတက္ကသိုလ်မှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အဖြစ် ကျင်းပခြင်းဖြစ်ပြီး စာစီစာကုံးပြိုင်ပွဲတွင် သမိုင်း၊ ရူပဒေဗနှင့် ဥပဒေဘာသာရပ်အထူးပြု ကျောင်းသား၊ ကျောင်းသူ (၄) ဦးကလည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် ပထဝီ၊ မြန်မာစာနှင့် သမိုင်း ဘာသာရပ်အထူးပြု ကျောင်းသား၊ ကျောင်းသူ (၃) ဦးကလည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် ဥပဒေနှင့် ရူပဗေဒဘာသာအထူးပြုကျောင်းသား ကျောင်းသူ (၃) ဦးကလည်းကောင်း၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာ အထူးပြုကျောင်းသား၊ ကျောင်းသူ (၃) ဦးက လည်းကောင်း၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် သင်္ချာဘာသာအထူးပြုကျောင်းသား ကျောင်းသူ (၆) ဦးကလည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)