သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ သက်မှတ်ကာလပြီးစီးရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်
Feb 03,2024
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ သက်မှတ်ကာလပြီးစီးရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။  
လွိုင်လင်မြို့မဈေးကြီးတွင် မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသ
Feb 03,2024
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန တို့ပူးပေါင်း၍ မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက မြို့မဈေးကြီးရှေ့တွင် ပြုလုပ်ပါသည်။
ပုဗ္ဗသီရိမြို့နယ် ညောင်လူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်း ကျင်းပ
Feb 03,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိ ပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ် ညောင်လူးကျေးရွာ  အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။
အ.ထ.က( သု၀ဏ္ဏ)ကျောင်း၌ ပြည်‌‌ထောင်စုနေ့အကြို ဟောပြောပွဲ ကျင်းပ
Feb 03,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် အ-ထ-က (သု၀ဏ္ဏ) ကျောင်းတို့ ပူးပေါင်း၍ ပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် ဆုရ ကျောင်းသားကျောင်းသူများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သု၀ဏ္ဏ)သီရီသု၀ဏ္ဏပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် သီတဂူစက္ခုဒါနဆေးရုံတော် (ရန်ကုန်)၌ မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ခွဲစိတ် ကုသ‌ပေး
Feb 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၃၃) ရပ်ကွက်ရှိ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၊ သီတဂူစက္ခုဒါနဆေးရုံတော် (ရန်ကုန်)၌   မျက်စိဝေဒနာရှင်များအား နံနက် ၇ နာရီမှ ညနေ ၃ နာရီထိ အခမဲ့စမ်းသပ်ခွဲစိတ် ကုသ‌ပေးလျက် ရှိကြောင်း သိရသည်။
ကော်ဆမ်မိန်းရွာ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ဆုချီးမြှင့်ပွဲ ကျင်းပ
Feb 03,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ တာကြန့်ကျေးရွာအုပ်စု၊ ကော်ဆမ်မိန်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ငါးဘတ်ချောင်း ကျေးရွာအုပ်စုရှိ တောင်သူများနှင့် တွေ့ဆုံ
Feb 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ ငါးဘတ်ချောင်း ကျေးရွာတောင်သူများနှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျေးရွာသို့ သွားရောက်တွေ့ဆုံခဲ့သည်။
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပ
Feb 03,2024
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင် ပြပွဲများကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းတော်မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။