မိုင်းယု ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ တာကြန့်ကျေးရွာအုပ်စု၊ ကော်ဆမ်မိန်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ကော်ဆမ်မိန်း ကျောင်းသား/ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မိုင်းယောင်းမြို့နယ်၊ ခရိုင်ပညာရေးမှူး ဦးတင့်ဆွေက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးလောထွေးက ဒေသတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်လာမှု အခြေအနေများအပေါ် အမှာစကား ပြောကြားကာ ကော်ဆမ်မိန်း အ.လ.က(ခွဲ) ကျောင်းအုပ် ဆရာမ ဒေါ်ကေဇင်ဆွေက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘက်စုံထူးချွန်ဆု ရရှိသော ကျောင်းသား ကျောင်းသူများ၊ အားကစားဆုများနှင့် ကျောင်ဘက်စုံဖွံ့ဖြိုးရေအတွက် အလှူရှင် ဂုဏ်ပြုမှတ်တမ်းလွှာတို့အား သက်ဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက တေးသရုပ်ဖော်နှင့် တိုင်းရင်းသား ရိုးရာအကများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြရာ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျောင်းသားမိဘများက တက်ရောက်အားပေး ကြည့်ရှုကာ ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်