သတင်းများ

လားရှိုးမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အဆောက်အအုံစာရင်းများ ကောက်ယူနေမှုကို ကွင်းဆင်းကြည့်ရှု
Jan 30,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီး၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အဆောက်အအုံ စာရင်းများကောက်ယူနေမှုများကို လားရှိုးခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် ကော်မတီဝင်များက ယမန်နေ့မွန်းလွဲပိုင်းတွင် ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အလုံမြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 30,2024
ရန်ုကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့နံနက် ၉ နာရီက အလုံမြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
လားရှိုးမြို့တွင် ဆောင်းတွင်းကာလအတွင်း ရှမ်းရိုးရာအစားအစာ နှမ်းထောင်းခေါပုတ်များ ရောင်းအားကောင်းလျက်ရှိ
Jan 30,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးဒေသထွက် ရှမ်းရိုးရာ နှမ်းထောင်းခေါပုတ်များ ဈေးကွက်အတွင်း ရောင်းအားကောင်းလျက်ရှိနေကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်/ဆင်း ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်
Jan 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ယနေ့မွန်းလွဲပိုင်း (၁)နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ နေအိမ်များအား မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် မီးလောင်မှုများ မဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်/ဆင်းလိုက်လံစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
သာပေါင်းမြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဂုံမင်းကျေးရွာအုပ်စု၊ အမှတ် (၁၂) မြောင်းကူးကွန်ကရစ် (ကုန်ထုတ်တံတား) တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး
Jan 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စု၊ သဲဗွက်ကျေးရွာ၌ အမှတ် (၁၂) မြောင်းကူးကွန်ကရစ် (ကုန်ထုတ်တံတား) တည်ဆောက်ရေးလုပ်ငန်းခွင်အား မြိုနယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဇန်နဝါရီ ၂၈ နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ ၉၅၁၁၀ ဧကစိုက်ပျိုးပြီးစီး
Jan 30,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံများဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ စွန်တာနီ၊ စွန်တာပြာ၊ ကုလားပဲ၊ ပဲလွမ်း၊ ပဲကြီး၊ စားတော်ပဲနှင့်အခြားပဲ ၉၆၆၆၈ ဧကလျာထားပြီး ယမန်နှစ် စက်တင်ဘာလက စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ပဲမျိုးစုံသီးနှံ ၉၅၁၁၀ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းဖြင့် မိသာစုဝင်ငွေရရှိ
Jan 30,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဆောင်းရာသီ၌ တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးသူများ မိသားစုဝင်ရရှိ၍ အဆင်ပြေကြကြောင်း သိရသည်။
နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး 
Jan 30,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမစက်ဝန်းထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဝက်ချုပ်ကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။